Tuesday, July 10, 2012
virus ရှာရန် command
made in myanmar virus အများစုအတွက် virus ရဲ့ source file ကိုရှာပေးနိုင်တဲ့ command တစ်ခုပါ။
command prompt ကနေ ပြီ dir/ah*.exe /s/p/b လို့ရိုက်ရှာလိုက်ရင်အားလုံးကိုတွေ့ရပါတယ်။
stick format ပြုလုပ်ရန်
memory stick ကို format ပြုလုပ်ဖို့ အကောင်းဆုံး Tool လေးတစ်ခုပါ။OS မှာပါတဲ့ tool နဲ့ ချလို့မရတဲ့ stick ကိုတောင် format ချနိုင်ပါတယ်။လိုချင်ရင်တော့ ဒီနေရာမှာ ယူလိုက်ပါ
Sunday, June 24, 2012
ARP cache
source from>
http://forum.mmitd.com/profiles/blogs/arp-chache ( ko Doraemon )
ARP (Address Resolution Protocol)
ဘယ်လို အလုပ် လုပ်လဲ Cache ကိုဘယ်လိုသိမ်းလို့ ဘယ်လို သုံးလို့ရလဲ
Networking မှာ ARP ကိုကြားဖူး ပြီးသားလို့ ထင်ပါတယ် ..
အသုံးချဖို့ အတွက် လေ့လာ ကြည့်တာပါ ..
ARP ဆိုတာ
ARP ဆိုတာ IP Networking မှာ အရေးကြီးတဲ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်
ARP ကို OSI Layer 3 ( Network ) နဲ့ Layer 2 ( Data-Link ) တို့ ချိတ်ဆက်ဖို့ သုံးပါတယ်
(ဆိုလိုတာကတော့ ကျနော်တို့ ရဲ့ IP Addressing နဲ့ Ethernet Addressing ( MAC ) ချိတ်ဖို့ပါ)
ဘယ် Device မဆို Network ကိုချိတ်ဖို့ အတွက် Ethernet MAC Address တစ်ခု ရှိပါတယ်
အကယ်လို့ Device တွေက LAN ထဲ မှာ မဟုတ်ခဲ့ဘူး ဆိုရင် ကိုယ်ရဲ့ Gateway (Router) ရဲ့ MAC နဲ့ ဆက်သွယ်ပြီး အလုပ်လုပ် ပေးပါတယ်

sky net လိုင်းကို အင်တာနက်က ကြည့်ရအောင်
ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် တော့သိပ်အဆင်မပြေပါဘူး၊ပြည်ပ ကသူငယ်ချင်းတွေ အဆင်ပြေပြေကြည့်နိုင်အောင်လို့ ပါ။ဒီမှာ player ကိုဒေါင်းလိုက်ပါ။ပြီးရင် channel မှာ 99221 ကိုထည့်ပါ။ဒါဆိုကြည့်လို့ရပါပြီ။
Friday, June 8, 2012
Kon Boot အကြောင်း
(source from-IT Men at itmen.myanmarbloggers.org)
၁။ Kon Boot ကို မစမ်းသပ်ခင်မှာ Windows XP မှာ ကျွန်တော်သုံးနေတဲ့ Admin User Account ကို အရမ်းရှုပ်ထွေးတဲ့ Password တစ်ခု ပေးလိုက်ပါတယ်။
၂။ Kon Boot ဟာ Offical နည်းအရတော့ CD ထဲကိုထည့်ပြီး Boot လုပ်ပြီး သုံးရမှာပါ။ ဒါပေမဲ့ ကျွန်တော် စမ်းသပ်ကြည့်တဲ့အခါမှာတော့ ဘာကြောင့်မှန်းမသိဘဲ အဲဒီ Kon Boot စီဒီခွေကို Boot လုပ်လို့ရပေမဲ့ ဘာမှ ပေါ်မလာပါဘူး။ အဲဒါနဲ့ ကျွန်တော်လည်း Kon Boot ကို Memory Stick ထဲ ထည့်လိုက်ပါတယ်။ ပြီးတော့ Memory Stick ကနေ Boot လုပ်လိုက်ပါတယ်။

Monday, June 4, 2012
Proxy server အကြောင်း
သင့်ကွန်ပျူတာနဲ့ အင်တာနက်ကြားမှာ
တည်ရှိပြီး အင်တာနက်က သတင်းအချက်အလက် တော်တော်များများကို ထိန်းသိမ်းထားပါတယ်။
ကျွန်တော်တို့က Website တစ်ခုကို ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request
ရောက်သွားပါတယ်။ Proxy Server က သူ့ဆီမှာ ကျွန်တော်တို့တောင်းဆိုတဲ့ Website
ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲရတဲ့သူအဖို့
ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က Proxy Server
တွေဟာ အဲဒီလို Cache လုပ်တာထက် Website Filtering အတွက်ပဲ လုပ်ထားသလားလို့တောင်
ထင်ရပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာရှိတဲ့ တစ်ချို့ Proxy Server တွေဟာ မူရင်း
Website က Update လုပ်လိုက်တာတောင် သူတို့က Update မလုပ်နိုင်သေးပါဘူး။ Technical
အရ ပြောရရင်တော့ TTL (Time To Live) တန်ဖိုးကို အများကြီး ပေးထားတယ်နဲ့ တူပါတယ်။
Web Filtering လုပ်မထားတဲ့ Proxy Server တွေ မြန်မာပြည်မှာ ရှိပေမဲ့သုံးတဲ့အခါ
username နဲ့ password တောင်းတာကို တွေ့ရပါတယ်။ (ygncache2.mpt.net.mm ပါ)
သိသင့်သော sharing
(Source -ကိုသန့်ဇင်စိုး (thantzinsoe.co.nr))
Networking လောကမှာ Technician တွေ အဓိက အများဆုံးလုပ်ရတာက Folder တွေကို
Share ပေးရတာ ပါ။ တချို့တွေကတော့ Share တော့ ပေးတတ်ကြတယ်။ ဒါပေမယ့်
သေသေချာချာ နားမလည်ကြဘူး။ ကျွန်တော်လည်း ပါခဲ့တာပေါ့။ ဒါပေမယ့် ခုတော့
နည်းနည်းတော့ သိလာပြီထင်ပါတယ်။ ဒါကြောင့် ကျွန်တော် စာဖတ်ရင်း၊
အလုပ်လုပ်ရင်း သိလာခဲ့ရတဲ့ အကြောင်းအရာ တွေ ချပြ ချင်ပါတယ်။
အရမ်းတတ်လို့တော့မဟုတ်ပါဘူး။ လူရှိန်အောင်လို့ပါ။
အသုံးဝင်မည့်ဝန်ကြီးဌာန site များ
နိုင်ငံတော်သမ္မတရုံးwww.president-office.gov.mm
စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနwww.commerce.gov.mm /www.myanmartradenet.com.mm
အမှတ်(၁)စက်မှုဝန်ကြီးဌာနwww.industry1myanmar.com
အမှတ်(၂)စက်မှုဝန်ကြီးဌာနwww.industry2.gov.mm
သာသနာရေးဝန်ကြီးဌာနwww.mora.gov.mm
Thursday, May 31, 2012
DNS cache တိုးမြင့်၍ net လိုင်းကောင်းအောင်ပြုလုပ်ခြင်း
DNS Cache ဆိုသည်မှာ သင်ဝင်ရောက်လည်ပတ်ခဲ့တဲ အင်တာနက်လိပ်စာများကို DNS Cache က သိုလှောင်ထားပေးသည်။ အင်တာနက် အသုံးပြုသူဟာ ၀င်ရောက်အသုံးပြုနေကျ ဆိုက်၏် လိပ်စာကို ရိုက်ထည့်လိုက်တာနဲ့ သက်ဆိုင်ရာဆိုက်နှင့်ချိတ်ဆက်ထားသော IP Address ကို cache တွင်ဦးစွာရှာဖွေပေးခြင်းဖြင့် ခရီးလည်းတို အချိန်ကုန်သက်သာပြီး အင်တာနက်အသုံးပြုမှုကို မြန်ဆန် သွက်လက်စေပါသည်။ ရှာဖွေလိုတဲ့ address မရှိဘူးဆိုမှ နောက်တဆင့်အနေနဲ့ Internet မှာရှိတဲ့ DNS Cache Server မှာ ထပ်မံရှာဖွေပေးတာမို့ ခရီးလည်းရှည် အင်တာနက်အသုံးပြုမှုကိုနှေးကွေးလေးလံစေပါ
သည်။ဝင်ခဲ့သော လိပ်စာများကို DNS Cach က များများသိမ်းဆည်းပေးနိုင်ဖို့အတွက် Cache ၏ size ကို တိုးပေးဖို့လိုသည်။လုပ်ဆောင်ပုံကိုအောက်တွင်ကြည့်ပါ။
caplock problem
Caps Lock ကိုဖွင့်ပြီး Caps Lock နဲ့ ပြန်ပိတ်လို့ မရတဲ့ ပြဿနာပါ..
Shift နဲ့ ပြန်ပိတ်မှ ပိတ်လို့ ရတာမျိုး တစ်ခါတစ်ရံ ဖြစ်တက်လို့ ပါ..
သိပြီးသားသူများအတွက် ဘာမှမဟုတ်ပေမဲ့ မသိသေးတဲ့သူများအတွက်တော့
စာရိုက်ရာမှာ အနှောက်အယှက် တစ်ခုဖြစ်နေတက်ပါတယ် ..
ကျွန်တော်ကတော့ Caps Lock ကို သိပ်မသုံးပါဘူး..
စာလုံးကြီးရိုက်ချင်ရင် Shift ခံပြီးတော့ဘဲ ရိုက်လိုက်ပါတယ်..

Wednesday, May 30, 2012
command to search virus
virus
file များရှာရန် command တစ်ကြောင်းသာအဓိကလိုအပ်ပါတယ်။အထူးသဖြင့် Made in
Myanmar virus တွေပေါ့။taskmanager , folder options , registry
ပျောက်နေရင်တော့ virus ၀င်တာသေချာပါပြီ။start>run>cmd ရိုက်ပြီး
Enter နှိပ်ပါ။command prompt ထဲမှာ cd\ လို့ရိုက်ပြီး Enter
နှိပ်ပါ။command prompt မှာ c:\ လို့ပေါ်ရပါမယ်။နောက်တစ်ခုရိုက်ရမှာက
dir/ah *.exe /s/p/b လို့ရိုက်ပြီး Enter နှိပ်ပါ။virus ရဲ့ source file
များပေါ်လာပါလိမ့်မယ်။အခုနာမည်ကြီးနေတဲ့ Loikaw , Funny , chrome , mgy.exe
တို့ကို စမ်းပြီးပါပြီ။virus file အကုန်လုံးတွေ့ပါတယ်။ဒီ virus file
တွေရဲ့ process ကို kill ပြီးမှသတ်လို့ရပါတယ်။အဲဒီအတွက် process explorer
software နဲ့ကြည့်လို့ရပါတယ်။download လုပ်လိုက်ပါဦး။command prompt
မှာပေါ်တဲ့ virus file name က process explorer မှာပေါ်ရင် process ကို
kill ပြီးvirus ကိုသတ်ပါ။ဒီ command လေးရှိတော့ virus file
ကိုအလွယ်တကူရှာပြီးသတ်လို့ရတာပေါ့။အဆင်ပြေပါစေ
ဗျာ။
download process explorer links :
http://filehippo.com/download_process_explorer/ဗျာ။
download process explorer links :
web server
web server ကို မြန်မာ ISP မှာ သွားပြီး စမ်းထည့်ကြည့်ဖို.မလိုပါဘူး။
ကိုယ့် server လေးထဲမှာပဲ စမ်းပြီး ပေါင်းထည့်လိုက်ကြရအောင်။ မြန်မာ ISP မှာဆိုရင်တော့
web developer တွေက ရေးပေးတဲ့ web page တွေကို အင်တာနတ်မှာ မည်သူမဆို ကြည့်လို.ရအောင်
web site ထောင်ပေးရတာပါ။ အခုတော့ ကိုယ် ဆာဗာလေးနဲ.ပဲစမ်းလိုက်ကြရအောင် website တွေကို
ဒေါင်းလော့ဆွဲဖို.အတွက်ကတော့ Httrack
ဆိုတဲ့ ဆော့ဝဲလေး သုံးလို.ရတယ်။
ဒေါင်းလော့ဆွဲပြီးသွားရင် အဲဒီရလာတဲ့ ၀တ်ဆိုဒ် ဖိုဒါလေးကို ကွန်ပြူတာရဲ့ hard disk တနေရာမှာ သိမ်းထားလိုက်ပါ။ လောလောဆယ် ကျွန်တော်ဒေါင်းလော့ဆွဲထားတဲ့ Trader Hotel ရဲ့ website လေးကို ဒီမှာ ဒေါင်းလော့ လုပ်ပါ။ ဒေါင်းလော့ဆွဲပြီးရင် Rar ဖိုင်ကို ဖြည်ထားလိုက်ဦးနော်။

Tuesday, May 29, 2012
DVD is missing ဖြစ်ရခြင်း
မိမိစက်မှာ CD/DVD
Drive မပေါ်ရခြင်း၊ Detect ဆက်သွယ်မှုမရခြင်း ဖြစ်ရခြင်းအကြောင်းတွေကတော့ အောက်ပါ အချက်တွေပဲဖြစ်ပါတယ်။
• Corrupted registry entry.
• CD/DVD driver problem.
• Installation and un-installation of DVD recording programs.
• Un-installation of Microsoft Digital Image.
How to solve missing cd/dvd drive issue
• CD/DVD driver problem.
• Installation and un-installation of DVD recording programs.
• Un-installation of Microsoft Digital Image.
How to solve missing cd/dvd drive issue
အထက်ပါပြဿနာများကြုံလာခဲ့ရင် ဖြေရှင်းရမည့်နည်းလမ်းတွေကတော့
Window 7 အတွက် သူ့ system မှာပါတဲ့ troubleshooter ဖြင့်သော်၎င်း၊ Window XP နဲ့
Vista အတွက် Registry Editor ဖြင့်သော်၎င်းဖြေရှင်းနိုင်ပါတယ်လို့ အကြမ်းဖျင်းမှတ်ထားလို့ရပါတယ်။
sfc/scannow ဖြင့် system file များပြင်ခြင်း
ကျနော်တို့ ၀င်းဒိုးမှာ အသုံးတည့်တဲ့ command လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါတော့ sfc command ပါပဲ။ sfc command ဆိုတာ ပျက်ဆီးသွားတဲ့ window file system တွေကို ပြန်လည်အစား ထိုးပေးတဲ့ Command Prompt တစ်ခုဖြစ်ပါတယ်။ တစ်နည်းအားဖြင့် sfc command ကို System File Checker လို့လည်း ခေါ်ဆိုကြပါတယ်။ DLL.file အပါအ၀င် ၀င်းဒိုးဖိုင်မှန်သမျှကို sfc နဲ့ ကာကွယ်ပေးနိုင် တဲ့အကြောင့် ဒီ sfc command ဟာအရမ်းအသုံးအတည့်တဲ့ command tool တစ်ခုလို့ပြောလို့ရပါတယ်။
ကျနော်ဒီပို့စ်မှာ “sfc /scannow” ဆိုတဲ့ command နဲ့ မိမိကွန်ပျူတာမှာ ပျက်ဆီးသွားတဲ့ system file တွေကိုပြန်ပြီး repair လုပ်နိုင်တယ်ဆိုတဲ့သဘောကို အဓိကပြောချင်တာပါ။ sfc command နဲ့ parameter အဖြစ်တွဲပြီးအသုံးပြုနိုင်တဲ့ command တွေကတော့ အောက်ပါအတိုင်းလေ့လာနိုင်ပါတယ်…

unistall လုပ်မရပါက
တစ်ချို့သောကွန်ပျူတာတွေမှာ software တွေကိုပြန်ပြီးဖြုတ်ချလို့ မရတာတွေ ဖြစ်တတ်ပါတယ်ဗျာ..အဲ့ဒီလိုမျိုး
ဖြစ်နေတယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့နည်းလမ်းလေးနဲ့ ဖြေရှင်းလိုက်ပါဗျာ.
ဖြစ်နေတယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့နည်းလမ်းလေးနဲ့ ဖြေရှင်းလိုက်ပါဗျာ.
၁။ Start – Run – regedit ဟု ရိုက်ထည့်ပြီး OK
၂။ HKEY_LOCAL-MACHINE\Software\Microsoft\Windows\
CurrentVersion\Uninstall အောက်ရှိ မိမိ Uninstall လုပ်ချင်သော
Software ကို Click လုပ်ပါ။
CurrentVersion\Uninstall အောက်ရှိ မိမိ Uninstall လုပ်ချင်သော
Software ကို Click လုပ်ပါ။
Monday, May 28, 2012
Gate way
Gate way ဆိုတာ မတူညီတဲ့ နတ်ဝတ်နှစ်ခုကို
ပေါင်းစပ်ပေးနိုင်ပါတယ်။ ဥပမာ။ ။သာမာန်အားဖြင့် 10.0.0.X နဲ. စတဲ့ နတ်ဝတ်နဲ.
192.168.0.X နဲ.စတဲ့ နတ်ဝတ်နဲ.ကွန်နက်ရှင်ရအောင်လို.လုပ်ပေးနိုင်ပါတယ်။ ဒီသင်ခန်းစာလေးက
မခက်ခဲသလို အရမ်းလည်း အသုံးဝင်ပါတယ်။ ဘာဖြစ်လို.လဲဆိုတော့ အင်တာနတ် ကွန်နက်ရှင်
share ပေးတဲ့နေရာမှာ ဒီ သဘောတရားတွေ ဆက်နွယ်နေလို.ပါ။ ဥပမာ ကျွန်တော်တို. ကုမ္မဏီ မှာ
နတ်ဝတ်ကြီး နှစ်ခုရှိတယ်ပဲဆိုကြပါဆို.။ နတ်ဝတ်တစ်ခုက 10.0.0.1 နဲ. စတဲ့ နတ်ဝတ်(အဲဒီနတ်ဝတ်ထဲမှာလည်း
ကွန်ပြူတာတွေအများကြီးပေါ့)၊ နောက်တစ်ခုက 192.168.0.1 နဲ.စတဲ့ နတ်ဝတ် (အဲဒီနတ်ဝတ်ထဲမှာလည်း
ကွန်ပြူတာတွေအများကြီးပေါ့) အဲဒီ နတ်ဝတ်နှစ်ခုရဲ့ ခြားထဲမှာ server တစ်လုံးနဲ.ချိတ်ဆက်ထားတယ်။
ဒါပေမယ့် နတ်ဝတ် Class တွေမတူညီတဲ့ အတွက် အဲဒီနတ်ဝတ်ကြီးနှစ်ခုက ကွန်နက်ရှင်မရဘူးဖြစ်နေတယ်။
အဲဒါကို ကျွန်တော်တို.က အဲဒီ နတ်ဝတ် ၂ ခုခြားထဲမှာ ချိတ်ဆက်ထားတဲ့ ဆာဗာမှာ Gate
way တခု ဖန်တီးပေးရပါမယ်။
USB နှင့်ပြဿနာများ(၂)
Memory Stick တွေ လူသုံးများသလိုပဲ
အပျက်လည်း များလှပါတယ်။ ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ
ထပ်ထည့်လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။
အခုတော့ Format ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို
ပြုပြင်နည်းလေးကို ရေးသားပေးလိုက်ပါတယ်။
သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ Format ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။
ပထမဆုံး Test Disk ကို Run ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်။

USB နှင့် ပြဿနာများ (၁)
USB
Memory Stick တွေဟာ တခြား External HD တွေနဲ့ နှိုင်းယှဉ်ရင် သိုလှောင်မှု
နည်းပါးပြီး ဈေးမြင့်တယ်လို့ ထင်ရပေမယ့် သုံးစွဲရ လွယ်ကူ အဆင်ပြေစေပါတယ်။
သို့ပေမယ့် pen drive, flash drive တွေနဲ့ USB ပေါက်မှာ ထိုးတဲ့ တခြား external
device တွေဟာ တစ်ခါတစ်ရံမှာ detect မမိဖြစ်နေတက်ပါတယ်။ ဒီအခါ Tast-bar မှာ
"USB Drive Not Recognized" လို့ Error Message ပြသတက်ပါတယ်။
ဒီအခြေအနေမျိုးမှာ များသောအားဖြင့် USB Memory Stick ကို ဖြုတ်တပ်လုပ်ဖို့ပဲ စဉ်းစားမိကြပါလိမ့်မယ်။ ဒါဟာ အလုပ်မဖြစ်နိုင်ပါဘူး။ ကွန်ပျူတာ က USB ကို မသိခြင်း၊ ဒါမှမဟုတ် Window ချွတ်ယွင်းခြင်း ပြဿနာ ကို ရိုးရှင်းတဲ့ အောက်ပါ နည်းလမ်းနှစ်သွယ်နဲ့ ဖြေရှင်းပါလိမ့်မယ်။

administrator password hack
(ကိုစောလင်းနပ်(စ်) ရဲ့site ကပါ)
Password
လုပ်ထားတဲ့ကွန်ပျူတာကို လက်ရှိ password ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ
ပြောင်းလို့ရတဲ့
နည်းလမ်းတစ်ခုဖြစ်ပါတယ်။ဒါပေမယ့် ဒီနည်းလမ်းကိုသုံးပြီး သူများတွေစိတ်အနှောင့်အယှက်ဖြစ်တာမျိုးမလုပ်မိဖို့အရေး
ကြီးတယ်။ နည်းလမ်းဆိုတာသိထားရင်အားလုံးကောင်းတာပဲလေ။ ကောင်းတာ မကောင်းတာကိုယ်သာ ခွဲခြားသိရမှာပါ။ ကဲ..လွယ်ပါတယ်..
cmd နဲ့လုပ်မယ်ဗျာ...

command များ
access.cpl Accessibility Control ထိန်းချုပ်ခန်းဆီကိုရောက်သွားမည်။
hdwwiz.cpl Add Hardware Wizard hardware ထပ်မံပေါင်းထည့်ဖို့ရာအတွက် box menu ကိုပြပေးသည်။
appwiz.cpl Add or Remove Programs Control Panel အတွင်းမှာရှိတဲ့ add or remove box ဆီကိုရောက်ပါမည်။
wuaucpl.cpl Automatic Updates အလိုအလျောက် Update လုပ်ပေးတဲ့စက်ခန်းဆီကို ရောက်ရှိပါမယ်။
control admintools Administrative tools စနစ်ကိုစီမံခန့်ခွဲပေးတဲ့နေရာ
fsquirt Bluetooth transfer wizard ကြိုးမဲ့ကွန်ရက်အတွက်ထိန်းချုပ်ခန်း
calc Calculator ဂဏန်းတွက်စက်ဆီသို့ရောက်မည်။
certmgr.msc Certificate Manager လုံခြုံရေး ကွပ်ကဲမှုနေရာ
charmap Character Map Character Map

Sunday, May 27, 2012
wifi လွင့်ခြင်း
အိမ်တွင်း၊ရုံးတွင်းအတွက် Wi-Fi လွှင့်ဖို့ဆိုရင်တော့ Wireless Router
(သို့မဟုတ်) Access Point ကို အသုံးပြုပြီး လွှင့်နိုင်ပါတယ်။ Wi-Fi ကို
မိုင်နဲ့ချီပြီး လွှင့်ချင်တယ်ဆိုရင်တော့ Router မှာတဲ့ Antenna လောက်နဲ့ မရတော့ဘူး။
CPE တွေ Antenna အကြီးစားတွေ လိုအပ်ပါလိမ့်မယ်။ အခုဆောင်းပါးမှာတော့ Wi-Fi
လွှင့်နည်း အသေးစိတ် ရေးသားဖော်ပြသွားပါ့မယ်။
Wi-Fi မလွှင့်ခင် အရင်ဆုံးတော့ Wireless နည်းပညာအကြောင်းလေးတွေ အနည်းငယ် သိမှ
ဖြစ်ပါလိမ့်မယ်။ ကိုယ်က Wi-Fi ကို ခပ်ဝေးဝေးလွှင့်ချင်တယ် ဆိုပါစို့။ အရိုးရှင်းဆုံး
တွေးကြည့်ရအောင်ပါ။ Wireless Router တွေမှာ ပါဝင်တဲ့ Antenna တွေဟာ ပေ ၅၀၀
လောက်ထိပဲ ရနိုင်တာမို့ ပိုပြီး ဝေးဝေးရောက်ချင်ရင် Antenna အကြီးစားတစ်ခု ၀ယ်ပြီး
Wireless Router နဲ့ ဆက်သွယ်ရပါလိမ့်မယ်။ အဲဒီ Antenna ၀ယ်တဲ့အခါမှာ Omini တွေ
Directional တွေ dBi ဆိုတဲ့ နည်းပညာစကားလုံးတွေကို မလွဲမသွေ ရင်ဆိုင်ရပါလိမ့်မယ်။
ဒါ့အပြင် Antenna မှာ Outdoor Antenna နဲ့ Indoor Antenna ဆိုပြီး ကွဲပြားပါသေးတယ်။
Friday, May 25, 2012
clean this virus
ဗိုင်းရပ်စ် အလုပ်လုပ်ပုံသည် Application များကို ဖွင့်မရခြင်း၊ Task manager ကို ပိတ်ထားခြင်း၊ စက်ကို Restart ချ၍ မရခြင်းနှင့် အခြားအနှောင့်အယှက်များ ဖြစ်ရ၏။
Clean This Virus မှန်းသိရ၏။ နည်းလမ်းမျိုးစုံဖြင့် ရှာဖွေ ဖယ်ရှားရာ အလွယ်တကူပင် ဖြေရှင်းနိုင်ခဲ့သည်။ စာဖတ်သူတို့ ကြုံတွေ့လာခဲ့လျှင် အဆင်ပြေစေရေးအတွက် ဖော်ပြလိုက်သည်။ အောက်ပါ နည်းလမ်းများဖြင့် ဖြေရှင်းနိုင်လေသည်။
wireless antenna
Wirless device တွေမှာ Antenna တွေ တခါတည်း ပါပါတယ်။ Antenna ကနေ data
Signal တွေကို ထုတ်လွှတ်တယ်။ Wireless deivice တစ်ခုမှာ ပါတဲ့ Antenna ကို
ဖြုတ်လို့၊တပ်လို့ရရင် Detachable antenna လို့ခေါ်တယ်။ ဘာကြောင့် ဖြုတ်လို့
တပ်လို့ရအောင် လုပ်ထားတာလည်းဆိုရင် ကိုယ်က Singal ကို ပိုဝေးဝေးရအောင်
လုပ်ချင်တဲ့ အချိန်ကျရင် dbi မြင့်တဲ့ external antenna တစ်ခုနဲ့
ပြောင်းတပ်ပေးနိုင်အောင်လို့ပါ။
Antenna Type နှစ်မျိုးကို အဓိက တွေ့ရတတ်တယ်။ Omini နဲ့ Directional။
Omini ကို omini-directional antenna or dipole လို့လည်းခေါ်ကြတယ်။ Omini antenna တိုင်ရဲ့ အရပ်မျက်နှာ အားလုံး signal ကို လွှင့်ပေးတယ်။

Subscribe to:
Comments (Atom)