web server ကို မြန်မာ ISP မှာ သွားပြီး စမ်းထည့်ကြည့်ဖို.မလိုပါဘူး။
ကိုယ့် server လေးထဲမှာပဲ စမ်းပြီး ပေါင်းထည့်လိုက်ကြရအောင်။ မြန်မာ ISP မှာဆိုရင်တော့
web developer တွေက ရေးပေးတဲ့ web page တွေကို အင်တာနတ်မှာ မည်သူမဆို ကြည့်လို.ရအောင်
web site ထောင်ပေးရတာပါ။ အခုတော့ ကိုယ် ဆာဗာလေးနဲ.ပဲစမ်းလိုက်ကြရအောင် website တွေကို
ဒေါင်းလော့ဆွဲဖို.အတွက်ကတော့ Httrack
ဆိုတဲ့ ဆော့ဝဲလေး သုံးလို.ရတယ်။
ဒေါင်းလော့ဆွဲပြီးသွားရင် အဲဒီရလာတဲ့ ၀တ်ဆိုဒ် ဖိုဒါလေးကို ကွန်ပြူတာရဲ့ hard disk တနေရာမှာ သိမ်းထားလိုက်ပါ။ လောလောဆယ် ကျွန်တော်ဒေါင်းလော့ဆွဲထားတဲ့ Trader Hotel ရဲ့ website လေးကို ဒီမှာ ဒေါင်းလော့ လုပ်ပါ။ ဒေါင်းလော့ဆွဲပြီးရင် Rar ဖိုင်ကို ဖြည်ထားလိုက်ဦးနော်။

server မှာ ပထမဦးဆုံ Virtual IP တစ်ခုပေးရပါမယ်။ ဘာဖြစ်လို.လဲဆိုတော့ ကိုယ်က လောလောဆယ် ၀တ်ဆိုက် တစ်ခုပဲ တင်မှာကို။ virtual IP ပေးဖို.ရာ။ start => run => ncpa.cpl ဆိုပြီး အန်တာခေါက် TCP\IP ပေးတဲ့နေရာကိုသွား။ ဆာဗာမှာတော့ အိုင်ပီရှိရမှာပေါ့နော်။ ဥပမာ 192.168.0.1 ပဲဆိုကြပါဆို.။ အဲဒီအောက်နာမှာ Advanced ဆိုတာကို ကလစ်လုပ် add ကိုနှိပ် အဲဒီမှာ ပေးမယ့် Virtual IP က static ပေးထားတဲ့ အိုင်ပီ ဖြစ်တဲ့ 192.168.0.1 ဆိုတဲ့ Class နဲ. class ချင်းတူရပါမယ်။ ဥပမာ 192.168.0.100 ပေါ့။
ပြီးရင် add လို.ပြော။ Ok, Ok, Close ပေါ့။ အဲဒီအိုင်ပီကို
ကွန်ပြူတာက သိမသိ cmd ထဲမှာ ping 192.168.0.100 ဆိုပြီး အန်တာခေါက်ကြည့်ပါ။ reply ပြန်တယ်ဆိုရင်
အိုင်ပီကို သိတယ်လို.ပြတာပါ။
ကဲ IIS (internet information service) ဆိုတဲ့ web server ကို ကိုယ့် windows server မှာ ပေါင်းထည့်ကြစို.။
server မှာ start =>run=>appwiz.cpl အန်တာခေါက်။ add/remove windows component ကို ကလစ်လုပ်။ ပြီးရင် Application server ပေါ်မှာ select မှက်(အမှန်ခြစ် မထည့်နဲ.နော်) Details ကိုကလစ်လုပ်။ Internet Information services (IIS) ကို select ထပ်မှက်ပြီး Detail နဲ.ထပ်ဝင် world wide web service ကိုမှ အမှန်ခြစ်လေး ထည့်ပေး။

Ok, Ok, Next=> သူဘသာ အင်စတော့လုပ်သွားလိမ့်မယ်။ CD
တောင်းရင် windows server CD သာထည့်ပေးလိုက်။ ဒါဆို ဆာဗာပေါင်းထည့်တာပြီးပြီ။
Install လုပ်ပြီးသွားရင် start=>run ထဲမှာ innetmgr ဆိုပြီး အန်တာခေါက်။ ဒါဆိုရင် Internet Information service (IIS) manager ဆိုပြီး ပေါ်လာလိမ့်မယ်။ ဘယ်ဘက်ခြမ်းက server name နဲ. local computer ကို + sign လေး ဖြန်.လိုက်။ Application pools ဆိုတဲ့ ဖိုဒါလေးရယ်။ web sites ဆိုတဲ့ ဖိုဒါလေးရယ်။ အဲဒီဖိုဒါအောက်မှာ Default ပါလာတဲ့ ၀တ်ဆိုဒ် လေးရှိတယ်။ web server entersions ဆိုတဲ့ ဖိုဒါလေးရယ်ရှိတယ်။ ကျွန်တ်ာတို.အခုသုံးရမှာက web sites ဆိုတဲ့ ဖိုဒါလေးပေါ်မှာ ညာဘက်ကလစ်လုပ်ပြီး New => website လို.ပြော။

Next=> ကြိုက်တဲ့ နာမည်ပေး ကိုယ် မှက်မိဖို.ပဲလိုတယ်
ဥပမာ ကိုယ်က Traders ၀တ်ဆိုက်ကို တင်မယ်ဆိုရင် Traders လို.ပေးလိုက်ပေါ့။ အဲဒီမှာ Enter
the IP Address to use for this site ဆိုတဲ့နေရာမှာ ပထမက ကိုယ်ပေးခဲ့တဲ့ Virtual
IP ကို ရွေးပေးရမယ်။
TCP port this web site should use (default :80 ) မပြင်နဲ.၊
ပြင်လိုက်ပြီဆိုတာနဲ. အဲဒီ port ကိုသိတဲ့ သူလောက်ပဲ အဲဒီဆိုဒ်ကို ခေါ်ကြည့်လို.ရတော့မှာပါ။
Next => path မှာ web developer တွေးပေးထားတဲ့ (ဒေါင်းလော့ဆွဲထားတဲ့) Trader
web site ဖိုဒါလေးကို ရွေးပေပါ။ ဖိုဒါအောက်က ဖိုင်တွေအထိ ဆင်းရွေးပေးဖို.မလိုပါဘူး။
Next, Finish.... ပြီးရင် ဘယ်ဘက်ခြမ်းက Teaders ဆိုတဲ့ဖိုဒါလေးပေါ်မှာ ညာဘက်ကလစ်လုပ်ပြီး
properties လို.ပြောပေး။
ကိုယ်ပထမဦးဆုံး ကွန်ပြူတာထဲကို ထည့်ထားတဲ့ Web folder
လေးထဲမှာ ပြန်ကြည့် Home Page နဲ. နာမည်ကို အခု Trader ၀တ်ဆိုဒ်မှာတော့ index.html
ပါ။ Document ဆိုတဲ့ Tab အောက်မှာ အဲဒီနာမည်ပါလားလို.ကြည့် မပါဘူးဆိုရင် add နဲ. ပေါင်းထည့်ပေးရပါမယ်။
move up လေးနဲ. အပေါ်ကို တင်လို.ရပါတယ်။
Internet Explore ကိုဖွင့် address bar မှာ
http://192.168.0.100 ဆိုပြီး အန်တာခေါက်။ server version မှာဆိုရင်တော့ ပထမဦးဆုံ
ဝင်တဲ့ ၀တ်ဆိုက်ရဲ့ IP ကို add လုပ်ပေးရပါတယ်။ နောက်တခါဝင်ရင်တော့လုပ်ရေးစရာ မလိုတော့ပါဘူး။
ဒါဆိုရင် Traders ဆိုတဲ့ website ကျလာမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ Client Computer တွေမှာလည်း
Internet Explore address bar ထဲမှာ http://192.168.0.100 ဆိုပြီး Traders ၀တ်ဆိုဒ်ကို
ကြည့်လို.ရသွားပါပြီ။ ဒါကတော့ ၀တ်ဆာဗာရဲ့ အခြေခံ လေးပါ။
No comments:
Post a Comment