Caps Lock ကိုဖွင့်ပြီး Caps Lock နဲ့ ပြန်ပိတ်လို့ မရတဲ့ ပြဿနာပါ..
Shift နဲ့ ပြန်ပိတ်မှ ပိတ်လို့ ရတာမျိုး တစ်ခါတစ်ရံ ဖြစ်တက်လို့ ပါ..
သိပြီးသားသူများအတွက် ဘာမှမဟုတ်ပေမဲ့ မသိသေးတဲ့သူများအတွက်တော့
စာရိုက်ရာမှာ အနှောက်အယှက် တစ်ခုဖြစ်နေတက်ပါတယ် ..
ကျွန်တော်ကတော့ Caps Lock ကို သိပ်မသုံးပါဘူး..
စာလုံးကြီးရိုက်ချင်ရင် Shift ခံပြီးတော့ဘဲ ရိုက်လိုက်ပါတယ်..

Caps Lock သုံးပြီး ကျွန်တော်ပြောသလို ပြဿနာဖြစ်လာရင် ဒီလိုလုပ်လိုက်ပါခင်ဗျာ..
Control Panel ထဲက Regional and Language Options ကိုသွားပါ..အဲဒီမှာ
Languages Tab ကို Click ပါ..Details..ကို Click ပါ..Settings Tab မှ
Key Settings ကို Click ပါ ..Advanced key settings မှာ
Press the Caps Lock key ကို ရွေးလိုက်ပါ..Ok ..Ok..Apply...Ok ပေးလိုက်ပါ...
အဆင်ပြေသွားပါလိမ့်မယ်ခင်ဗျာ..
တစ်ခြား ပြဿနာ တစ်ခုခုကြောင့် ဒါမှမဟုတ် Keyboard နဲ့ ပတ်သက်ပြီး ချို့ ယွင်းမှု
တစ်ခုခုကြောင့်ဆိုရင်တော့ ကျွန်တော်လဲ မပြောတက်ဘူး
Keyboard ကောင်းမကောင်းသိရအောင် တစ်ခြားKeyboard တက်ပြီး သုံးကြည့်ရင်
ရပါတယ်..ဒီလိုသုံးတဲ့နေရာမှာ USB လား PS/2 လားဆိုတာကိုတော့
သတိထားရမှာပါ..ကွန်ပျူတာနဲ့ အပြင်ပိုင်း ဆက်စပ်နေတဲ့ ပစ္စည်းတွေကို
ဖြုတ်မယ်တက်မယ်ဆိုရင် USB က ပြဿနာ မရှိပေမယ့် PS/2 တွေကတော့
ဖြုတ်ပြီးပြန်တက်ရင် Reboot ပေးပြီးမှ Active ဖြစ်တယ်လို့ ကြားဖူးပါတယ်ခင်ဗျာ...

No comments:
Post a Comment