Friday, May 25, 2012

clean this virus


ဗိုင်းရပ်စ် အလုပ်လုပ်ပုံသည် Application များကို ဖွင့်မရခြင်း၊ Task manager ကို ပိတ်ထားခြင်း၊ စက်ကို Restart ချ၍ မရခြင်းနှင့် အခြားအနှောင့်အယှက်များ ဖြစ်ရ၏။

Clean This Virus မှန်းသိရ၏။ နည်းလမ်းမျိုးစုံဖြင့် ရှာဖွေ ဖယ်ရှားရာ အလွယ်တကူပင် ဖြေရှင်းနိုင်ခဲ့သည်။ စာဖတ်သူတို့ ကြုံတွေ့လာခဲ့လျှင် အဆင်ပြေစေရေးအတွက် ဖော်ပြလိုက်သည်။ အောက်ပါ နည်းလမ်းများဖြင့် ဖြေရှင်းနိုင်လေသည်။


အဆင့်(၁)
၁) Local Disk(C:) ကို ဖွင့်ပါ။ Documents and Settings မှ သင့်တို့၏ user name ကို ဖွင့်ပါ။
၂) Application Data ဖွင့်ပါ။ gog.exe ဖိုင်ကို ဖျက်ပါ။
၃) Documents and Settings မှ သင့်တို့၏ user name ကို ဖွင့်ပါ။ Desktop ကို ဖွင့်ပါ။ CleanThis.lnk ဖိုင်ကို ဖျက်ပါ။
၎) Local Disk(C:) ကို ဖွင့်ပါ။ Window ကို ဖွင့်ပါ။ Tasks ထဲမှ At(random).job ဖိုင်ကို ဖျက်ပါ။

အဆင့်(၂)
၁) Run Box တွင် regedit ကို ရိုက်ဖွင့်ပါ။ အောက်ပါလမ်းကြောင်းများအတိုင်း နောက်ဆုံးက ဖိုင်ကို ဖျက်ပါ။

HKCUSER\Software\Microsoft\Windows\CurrentVersion\Run “CleanThis”
HKCU\ Software\ Microsoft\ Windows NT\ CurrentConfiguration\ Winlogon\ Shell = %AppData%gog.exe

၂) စက်ကို restart ချပါ။ လက်ထိုး ပိတ်မှ ရမည် ဖြစ်သည်။

No comments:

Post a Comment